Local News

တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့မည့်ကုမ္ပဏီများအနေဖြင့် (Expression of Interest-EOI) အဆိုပြုလွှာများ လျှောက်ထားနိုင်ကြောင်း အသိပေးခြင်း

Last Updated:

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုတွင် အဓိက အိမ်နီးချင်း ဈေးကွက်ကြီးတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အပင်နှင့်တိရစ္ဆာန် ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးရေးကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှထွက်ရှိ သော ပြောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန် သဘောတူညီချက်ရရှိခဲ့ပြီး ဖြစ်ပါသည်။

တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့မည့် ကုမ္ပဏီများအား နှစ်နိုင်ငံချုပ်ဆိုထားသော Sanitary and Phytosanitary Protocol အရ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း အောက်ပါအခြေခံစည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီများ အနေဖြင့် (Expression of Interest-EOI) များကို လျှောက်ထားနိုင်ပါသည်-

-       ပြည်ပတင်ပို့ရန် အဆင့်မီသော အခြောက်ခံစက်နှင့် သိုလှောင်ရုံလုပ်ငန်းကို ကိုယ်တိုင် (သို့) သတ်မှတ်ကာလအတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ကို ခိုင်မာစွာ တင်ပြလုပ်ကိုင်နိုင်သည့်ကုမ္ပဏီအဖွဲ့အစည်းဖြစ်ရန်

-       တရုတ်နိုင်ငံ (သို့မဟုတ်) အခြားနိုင်ငံများသို့ ပြောင်းဆံတင်ပို့မှု အတွေ့အကြုံရှိသူ များဖြစ်ပါက အထောက်အထား အချက်အလက်များဖြင့် ဖော်ပြရန်

-       တရုတ်နိုင်ငံမှ သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်နိုင်သည့်ကုမ္ပဏီအဖွဲ့အစည်းဖြစ်ရန်

-       Food Safety နှင့် ပြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါက ကန်ထရိုက်

        လယ်ယာစနစ် (Contract Farming)၊ ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှုစနစ် (Good Agriculture Practice) ကို ဆောင်ရွက်နိုင်သော ကုမ္ပဏီအဖွဲ့အစည်းများ ဖြစ်ရန်

အထက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် (EOI) အဆိုပြုလွှာ များကို Working Task Force အဖွဲ့မှ စိစစ်သွားမည် ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တို့က အခြောက်ခံစက်များ၊ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး  စစ်ဆေးတွေ့ရှိချက်အရ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသော ကုမ္ပဏီ များကို စိုက်ပျိုးရေးဦးစီးဌာနမှ တရုတ် နိုင်ငံဘက်သို့ ပေးပို့ အဆိုပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့မည့်ကုမ္ပဏီများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် အောက်ဖော်ပြပါ အဆိုပြု လျှောက်လွှာ (EOI) တွင် အချက်အလက် များ ပြည့်စုံစွာ ဖြည့်စွက်၍ (၃၁-၃-၂၀၂၂) ရက်နေ့၊ နောက်ဆုံးထား၍ စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြ လျှောက်ထားနိုင်ပါကြောင်း သတင်းရရှိပါသည်။ လျှောက်လွှာရယူရန်နှင့် အသေးစိတ် သိရှိ လိုပါက Working Task Force Office ၊ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ဖုန်း-09450200670၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။

Expression of Interest (EOI)  အဆိုပြုလျှောက်ထားထားရန်အတွက် လိုအပ်ချက် (၉) ချက်

 

သတင်းရင်းမြစ်။ MITC

Category: Local News